Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, September 21, 2011

စိတ်ရောဂါ အထူးကု ဆရာဝန်ရဲ့အလုပ်သမား


အလုပ်ရှင်က အလုပ်လာ လျှောက်တဲ့သူကို မေးလိုက်တယ်။ မင်း နောက်ဆုံး လုပ်ခဲ့တဲ့ အလုပ်က စိတ်ရောဂါ အထူးကု ဆရာဝန်ရဲ့ ဆေးခန်းမှာ ဆိုတာ သိရတယ်။  ဒါနဲ့ “ဘာဖြစ်လို့  အဲဒီက ထွက်ခဲ့ရတာလဲ”  “ အင်း ဒီလိုပါခင်ဗျာ” လို့ အလုပ်လျှောက်တဲ့သူက ဖြေပါတယ်။ “ကျွန်တော်အဲဒီမှာ ဘယ်လို အဆင်ပြေအောင် နေရမယ်ဆိုတာ မသိတော့လို့ပါ။ ကျွန်တော် အလုပ် နည်းနည်းနောက်ကျရင် ရန်လိုတဲ့ စိတ်ရောဂါ ရှိတယ်လို့ပြောပါတယ်။ ကျွန်တော် အလုပ်ကို စောပြီး ရောက်သွားရင် စိုးရိမ်ကြောင့်ကြတဲ့  စိတ်ရောဂါ ရှိတယ်လို့ ပြောပြီး ကျွန်တော့အလုပ်ကို အချိန် အတိအကျ ရောက်သွားရင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တဲ့ စိတ်ရောဂါ ရှိတယ်လို့ ပြောပါတယ်”။